Pages

Sunday, November 27, 2011

အပျိုစင်တို့သိဖို့ယောကျာင်္းတို့အကြောင်း(ကံချွန်)

ယောကျာင်္းတွေက မိန်းမတွေရဲ့မာယာအမျိုးလေးဆယရှိတယ်…တဲမိန်းမတွေကတောယောကျာင်္းမာယာ ဘယ်လောက်များမှန်း မသိကြသေးလို့…
လူရယ်လို့ဖြစ်လာပြီးကလေး အရွယ်လွန်တာနဲဒီအချစ်ဆိုတဲ့ဟာကို ရင်မဆိုင်ချင်လိုမရတော့ဘူး။လူသားတိုင်း ရင်ဆိုင်ရတယ်။ယောကျာ်းလေးဆိုရငချစ်ရေးဆိုမယ်၊မိန်းကလေးဆိုရငချစ်ရေးဆိုခံရမယ်။ဒီတောငါတူမများ မလွဲမရှောငသာရင်ဆိုင်ကြုံဆုံရတဲ့အခရည်းစားစကား အပြောခံရပြီးဆိုရင် (သို့မဟုတရည်းစားစာပေးခံရပြီးဆိုရင်)လက်ခံသင့် မခံသင့် အိမ်ထောင်ဖကအဖြစ်ရွေးသင့် မရွေးသင့် ဆိုတာ အရွေးမမှားဖိုလေးလေးတို့ငယ်ငယ်က အကြောင်းကို ပြောပြချင်တယ်။ ငါတူမများ ပထမဆုံး သတိထားရမှာကတောယောကျာ်းလေးတွေပြောတိုင်း မယုံဖို့ပါဘဲလေးလေးတိုငယ်ငယ်တုန်းကဆို မိန်းကလေး ချောချောမင်တာနဲလိုက်စကားပြောတော့တာပဲ။မိန်းကလေးတွေ့ရဲသနားတတ်တဲစရိုက်ကို သိထားတောမင်းမှမရရငသေရပါလိမ့်မယဆိုပြီး အတင်းပူဆာတော့တာပဲမရတော့လဲ နှာစေးချောင်းဆိုးလောက်တောငမဖြစ်ပါဘူး ယောကျာ်းလေးများဟာ မိန်းကလေးတွေ့ရဲအကြောင်းသိကြပြီး မိန်းကလေးအတော်တော်များများကတောယောကျာင်္းလေးတွေအကြောင်း မသိကြဘူး။အဲဒါခုမှမဟုတ်ပါဘူး ဟိုးရှေးရှေး လူကြီးတွေရဲလက်ထက်ကတည်းက။မိန်းကလေးတွေက ညံ့တယ်ကွယ့်၊ဒီလိုပြောတော့ ငါ့တူမများ စိတ်ဆိုးချငစိတ်ဆိုးကလိမ့်မယ်။လေးလေးပြောတာ ဟုတ်မဟုတစဉ်းစားကြည့်စမ်းပါဦး
ယောကျာ်းတွေက မိန်းမတို့၏ မာယာ လေးဆယ်ဆိုပြီး မိန်းကလေးများ ရည်းစားလိုချင်တဲ့အခါ ပြုမူတတ်တဲအမှုအကျင့် တွေကို အကဲခတ်ပြီးပုစုနိုင်ခဲ့တယ်။မိန်းမတွေကတောဒီနေ့ထိ ယောကျာင်္းမာယာ ဘယ်လောက်ရှိလို့ရှိမှန်း မသိကြသေးဘူး။နောက်ပြီး မိန်းမမာယာကို ရေတွက်မပြပဲ စာရင်းလွတပြောတဲ့စကားရှိသေးတယ်၊မိန်းမတို့မာယာ အသဲ ကိုးဖျာတဲ့။မိန်းကလေးတွေက ယောကျာ်းတွေ့ရဲမာယာကို တိတိကျကမသိကြပေမယ့် သူတို့ထကများတယ်ဆိုတောမှန်းဆမိပုံရတယ်။ဒါကြောင့်လဲ ယောကျာင်္းမာယာ သဲကိုးဖျာမလောက်လိုမန်ကျည်းကိုးပင် နှောကရသေးတယ်လိုချေပကတယ်လေ။မန်ကျည်းပငအရွယတိတိကျကညွှန်းမထားတောအပင်ပေါက်ခါစဆိုရငအရွက်ရေတွက်က အတော့်ကို နည်းသွားမှာပါပဲ။မိန်းကလေးတေယောကျာင်္းမာယာ ဘယ်လေက်ရှိတယ်ဆိုတာ မသိသလို လေးလေးတိုယောကျာ်းချင်း တောင်မဘယ်လောက်ရှိတယ်ဆိုတာ မသိသေးဘူး။ယောကျာင်္းမာယာက မူကွဲတွေရော နောက်တိုးတွေရော တော်တောရှုပ်တာပဲ၊အဲဒီအထဲက လေးလေး သိသလောက်တောပြောပြထားရမယ်။ အစကတောဒီအကြောင်းတွေကို သိပ်အသကအကြီးသွားတဲ့အခါမှ ပြန်ပြောမလို့ပါပဲ၊(ဘဘချွန်) သူငယ်ပြန်နေပြီလိုပြောကြမှာဖစ်ပေမယ့် အခုလို မကြီးမငယ်နဲ့ ပြန်ပြောရတော့ ကိုယ့်ပေါငကိုယ်လှန်ထောင်းသလိုတော့ ဖြစ်မှာသေချာတယ်။လေးလေးတို့ငယ်ငယ်က ငယ်ချစ်တွေကို အကြောင်းပြုပြီး ငါ့တူမများ သိဖိုယောကျာင်္းတို့အကြောင်းကို ရေးပြမယ်။
ချစ်သလား မုန်းသလား ပြောပါလား
စေ့စေ့တွေးတော့လဲ ရေးရေး မဟုတဘူး အထင်သားကိုပေါ်လာတော့တာပဲ၊ကိုယ့်အကြောင်း သူများရေးရငနာဦးမယဒီတောကိုယ့်ဟာကိုယ်ပြန်ရေးတာပဲ ကောင်းပါတယ်။ကြွားရမယ့် ကိစ္စမဟုတတောရေးရတာ စိတ်သန့်ပါတယ်။ လေးလေးငယ်တုန်းက ပေးခဲ့တဲရည်းစားစာတွေ မြန်မာပြည်အနှံ့လိုက်စုရရငဆရာကြီးရွှေဥဒေါင်းရဲမောင်စံရှား ပေါင်းချူပ် လောက်တော့ရှိမယ်ထင်တယ်။စာရေးဆရာဖြစ်မယ့်ကလေးမိုထင်ပါရဲအလွန်ရေးခဲ့တာပဲ။တစ်ညတစ်ညမှာ သုံးလေးစောင်ရေးပြီး နောက်မနက်မိုးလင်းတာနဲကုန်အောင်ပေးပစ်တော့တာပဲ။တစ်ခါတစ်လေများ အိမ်ရှေ့နှစ်ခေါကလောက်ဖြတ်လျှောက်မိတဲမိန်းကလေဆို တစ်မနက်အတွင်းမှာ နှစ်စောင်လောကအပေးခံရတော့တာပဲ၊အဲလောက်လကသွက်တာ။မြီးကောင်ပေါကယောကျာင်္းတွေရဲ့ တာဝန်က ရည်းစားစာပေးဖို့၊ပြောခွင့်ကြုံရငပြောဖို့လိုအချစ်ဆိုတဲ့စိတ်က လှုံ့ဆော်ပေးတောမိန်းကလေးတေအရွယ်ရောက်တာနဲရည်းစားစာအပေးခံရ၊ရည်းစားစကား အပြောခံရတာဟာမဆန်း တော့ပါဘူး။ငါ့တူမများလဲ အပေးခံရ၊အပြောခံရကုံခဲ့ဖူးပြီးဖြစ်ကောင်းဖစ်မယ်။မကြုံဖူးသေးရင်လဲကုံရမှာပဲ၊။အဲဒီအခသတိထားရမှာကတောရှင့်က ကျွန်မကို တကယ်ချစ်လို့လားရှင့်ကို ကျွန်မ ယုံရမှာလားရှင့်ကို မယုံရဲဘူးဆိုတဲ စကားမျိုးတွေမပြောမိဖို့ပဲ။လေးလေး ငယ်ငယ်က အဲသလိုပန်မေးလာပြီးလာဆိုရင်တောတကယ်ချစ်တာပါချည်းပြောခဲ့တာ။စဉ်းစားကြည့်လေ အလကား သူခိုးက ခိုးတယ်လို့ပြောပါမလား
မှတ်ထား၊ယောကျာ်းလေးဆိုတာ ကိုယ့်ပြန်ချစ်လိမ့်မယ်ထင်လို့ကတောဘယ်လိုကတိမျိုးမဆိုပေးတာ။ကိုယ့်ချစ်သူကို မလိမ်ဖူးဆိုတဲယောကျာင်္းလေးဆိုတာ လောကမှာမရှိဘူး။မိန်းကလေးတစ်ယောက်ကို ချစ်ခွင့်ရဖိုအတွက်ဆို ဘယ်လိုကတိမျိုးမဆို ပေးတာ။ချစ်သူကသာ အလိုရှိမယ်ဆိုရငကောင်းကင်ကကယ်ပန်းကို လိုချင်သလား၊ဓူဝံ့ကြယ်ကို တစ်ပွင့်တည်း ပန်ချင်သလား၊ချစ်သူကသာပြောလိုက်စမ်းပါ၊ရအောင်ယူပေးပါ့မယဆိုတဲလေးလေးတို့ယောကျာ်းတေဟာ ရပြီးလို့ကတောလမ်းထိပ်လက်ဖက်ရည်ဆိုင်က နံပြားတစ်ချပ်တောင် ၀ယ်ပေးချင်တာမဟုတ်ပါဘူး။အဲဒါဒီနေ့ခေတ် ယောကျာင်္းလေးတွေမမဟုတ်ဘူး၊ဟိုးခေတရှေးရှေးကတည်းက။ငါ့တူမများကြားဖူးမှာပရှေးသီချင်းတစ်ပုဒ်ရှိတယ်လေ အုံ ပုံးချစတစ်ရက်လောက်ချစရတာရယ်….လင်မယားချစတစ်သကလိုက်လို့မမီပါတယ်…ဆိုတဲ့သီချင်း။ကဲ မရှင်းဘူးလား၊လင်မယားဘ၀ တစ်သက်လုံး ချစ်တာဟာ ချစ်သူဘ၀ တစ်ရက်ချစ်ရတာကိုတောငလိုက်မမီဘူးတဲ့။။။
ချစ်သူဘ၀ဆိုတာ တွေ့ကြတဲ့ခဏမှာ သူ့ကလဲ ကိုယ်အကြိုကကိုယ်ကလဲ သူ့အကြိုကတွေ့တုန်းခဏအလိုက်အထိုကနေကြတာဆိုတောတစ်ယောက်ကိုတစ်ယောကစိတ်ပျက်စရာဆိုတာ မရှိကြဘူးပေါ့။ချစ်သူ ဘ၀မှာ အမူအကျင့်စရိုက်အမှန်ဆိုတာ မှန်းဆ အကဲခတ်လို့မလွယ်ဘူး။ယောကျာင်္းလေးတော်တော်များဟာ သူချစ်သူ ရှေ့မှာဆို ခြောက်ပြစ်ကင်းလေးတွေပဲ၊ချစ်သူက မီးကို ရေဆိုရင်တောင်မခေါင်းညိတ်မှာပဲ၊အဲသလိုနေကြပြီး ချစ်သလား.မုန်းသလား.ပြောပါလားလို့မေးရင်……..ပြောရမှာ ရှက်တယ်` ပြောပါ` မပြောချင်ပါဘူး` ဒါဖြင့် မုန်းတယ်ပေါ့` အို.. ဘယ်သူက မုန်းတယ်ပြောလို့လဲ` ဒါဖြင့် ချစ်တာပေါ့` … ခေါင်းညိတ်တာ မလိုချင်ဘူးပြော.. ချစ်ပါတယ်` ဆိုပြီး ဖြေတာကို လေးလေးတို့ငယ်ငယ်က နားအရသာခံဖူးတာပေါ့။။။။။။။။
ချစ်ရေးဆိုလာသူ တစ်ယောက်ကို ချစ်ပါတယ်လို့ဖြေပေးလိုက်တာဟာ ကိုယ့်ဘ၀ သက်တမ်းတစ်လျှောက်လုံး သူ့လက်အပ်ဖို့ရာ စရန်သတ်လိုက်တာပဲဆိုတာ ငါ့တူမများ သတိထားသင့်တယ်...
                                                                                         ကံချွန်
                                                                                
ဒီစာပိုဒ်လေးကို နှစ်သက်လွန်းလိုသိမ်းထားမိတာကာခဲ့ပါပြီး၊ဒီနေမှဟိုရှာဒီရှာနဲ့လုပ်တောစာအုပ်တစ်အုပ်ထဲက ကျလာတာတွေ့လိုမဖတ်ရသေးတဲညီမငယ်များကို ဖတ်ရပါစေဆိုတှဲ့ဆန္ဒလေးနဲပန်လည်ကူးယူဖော်ပြပေးလိုက်ပါသည်။

Thursday, November 10, 2011

တန်ဆောင်မုန်း(လပြည့်နေ့)အကြောင်း

တန်ဆောင်မုန်း လပြည့်နေ့(သာမညဖလအခါတော်နေ့)
တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ် မင်းအား သာမည ဖလ သုတ္တန်ကို ဟောကြား တော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါသည်။
၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသော နေ့ဖြစ်၍ ဤနေ့ကို သံဃာတော်များ၏ နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်း သံဃာတော်များ အဖို့ ကြေးမုံမှန်ချပ်ကြီး သဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ် ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမား များ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။(သည်အချက်ကို ထောက်ထားပြီး မိဘ ဆရာများကို ပြန်လည် ဝေဖန်မိရုံဖြင့်ပင် အပြစ်ကြီးသည်ဟု မျက်စိမှိတ် ဟောပြောနေသော အချို့ တရားဟော ဓမ္မကထိကများကို သတိထားဖွယ် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်သည် မည်သူ့အပေါ်မှ ဘက်မလိုက်ဘဲ အပြန်အလှန် ဝေဖန် ဆန်းစစ်ခွင့် ရှိသည်ကို မျှတစွာ တွေ့နိုင်ပါသည်။ ခွန်မြလှိုင်၏ စကားချပ်)

၆။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္မိသာရ မင်းကြီးကို သတ်မိသောကြောင့် ကံကြီး ထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိ ဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏ အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သော အဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ် မြို့အနီး ဇီဝက လှူထားသော သရက် ဥယျာဉ်တော်၌ သီတင်းသုံးလျက် ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသော အခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓ သာသနာတော်ကို သက်ဝင် ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာ သုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ် ကြီးလေးသော မဟာ အ၀ီစိ ငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ် ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ၀ိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရ ပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာတသတ် မင်းတရားသည် ပထမ သင်္ဂါယနာတင် မင်းတရား အဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ သတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီး သုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များ အတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိ နေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့် သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။
( သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက် စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။


သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။

သာမညဖလသုတ်


မင်းနှင့်အမတ်တို့  ဆိုင်ရာစကား
ပူရဏကုပေ၏ အယူဝါဒ
မက္ခလိဂေါသာလ၏ အယူဝါဒ
အဇိတကေသကမ္ဗလ၏ အယူဝါဒ
ပကုဓကစ္စာယန၏ အယူဝါဒ
နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ
သဉ္စယဗေလဌပုတ္တ၏ အယူဝါဒ
ရှေးဦးစွာ မျက်မှောက်ဘ၀၌ ရအပ်သော ရဟန်းဖြစ်ကျိုး
နှစ်ကြိမ်မြောက် မျက်မှောက်ဘ၀၌ ရအပ်သော ရဟန်းဖြစ်ကျိုး
သာ၍မွန်မြတ်သော ရဟန်းဖြစ်ကျိုး
စူဠသီလ
မဟာသီလ
ဣနြေ္ဒကို စောင့်စည်းခြင်း
အောက်မေ့ခြင်းနှင့် ဆင်ခြင်ခြင်း
ရောင့်ရဲလွယ်ခြင်း
ပဌမဈာန် ရဟန်းဖြစ်ကျိုး
ဒုတိယဈာန် ရဟန်းဖြစ်ကျိုး
တတိယဈာန် ရဟန်းဖြစ်ကျိုး

(ဖေ့စ်ဘုတ်က ကူးယူဖော်ပြပါသည်)

Wednesday, November 9, 2011

သရဏဂုံတည်ခြင်းအကျိုး

   1. သရဏဂုံတည်ခြင်းအကျိုး ၊
   2. ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန် ၊
   3. မုံလယ်တောရ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူ ၊
   4. ဆန်နီနေမင်း အမေးအဖြေ ရုပ်ပွားတော်နဲ့ပတ်သတ်၍ ၊
   5. ဘုန်းတော်ကြီး စာမေးပွဲများ ၊
   6. သောတာပန် ပြဿနာ ရှင်းတမ်း အရှင်ကောဝိဒ (ယော) ၊
   7. ”အပြစ်ဒဏ်ဆယ်မျိုး”မှ အမြဲကင်းလွတ်သူ”  ၊
   8. ***သူတော်ကောင်းတရား(ရ) ပါး။***   ၊
   9. ***ပုဂ္ဂိုလ် (၄)မျိုး***

သရဏဂုံတည်ခြင်းအကျိုး
ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း
ဖြစ်ပါသည် ။

သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်

(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။

(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။

(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။

(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။

(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။

သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်

(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ
သရဏဂုံမမြောက်ပါ ။

(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။

(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ်


အပေါ်က ရေးသားထားတဲ့ သရဏဂုံဆောက်တည်ရခြင်းအကြောင်း လေးမျိုးထဲက မိမိတို့
ဘယ်ကိုးကွယ်မှုထဲမှာ ပါတယ်ဆိုတာကို ဆင်ခြင်နိုင်အောင်
ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ..မှန်ကန်တဲ့ ကိုးကွယ်ခြင်းနဲ့ သရဏဂုံမြဲတဲ့
သူတော်ကောင်းများဖြစ်ကြပါစေ……

ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန်

(၁) ရေချမ်းကပ်လှူခြင်း။
သတ္တ၀ါတို့၏ကျေးဇူးတော်ရှင် သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော်ထင်ရှား ရှိသည့်
အလားစိတ်တွင်မှတ်ယူကာ လိုသလိုအသုံးပြုနိုင်ရန် ရည်စူး၍ ကပ်လှူခြင်း။
အကျိုးကိုလို၍ ကပ်လှူပူဇော်ခြင်း မဟုတ်သော်လည်း အကျိုးကျေးဇူးတို့အား
သိရှိစေရန် ဖော်ပြအပ်ပါသည်။ ရေအကျိုး(၁၀)ပါးကို စာဖတ်သူများ သိရှိပြီး
ဖြစ်ပါသည်။ ယင်းတို့မှာ
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၂) ဆွမ်းကပ်လှူခြင်း။
ရေချမ်းကပ်လှူသကဲ့သို့ မိမိစိတ်တွင်နှလုံးသွင်း၍ ကပ်လှူပါ။ ဆွမ်း၊
သစ်သီးတို့အား နေလွဲညစာ မကပ်မိစေရန် အထူးသတိထားစေလိုပါသည်။ နေလွဲညစာဆိုရာ၌
ရှစ်ပါးသီလတွင်ပါရှိသော ၀ိကာလဘောဇနာ ဆိုသော သီလကိုမမေ့သင့်အပ်ပေ။
အထူးသတိထားရှောင်ကျဉ်ပါလေ။ သို့ရာတွင် တင် ပြစရာလေးတော့ ရှိနေခဲ့ပါသည်။
ကျွန်တော်မြန်မာလူမျိုးများ အနေဖြင့် သာမာန် ဧည့်သည် လာရောက်ရင်တောင်
သစ်သီး၊ မုန့်စသည်တို့ကို စားသုံးရန် အဆင် သင့်
ပြုလုပ်ပြီးမှဧည့်ခံလေ့ရှိပါတယ်
။ ဒါတောင်ဂုဏ်သရေရှိလူကြီး မဟုတ်သေး ပါဘူး။ ယခုမှာ သတ္တ၀ါတို့၏ကျေးဇူးတော်ရှင်
သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်
ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်အား သက်တော် ထင်ရှား ရှိသည်ဟု
ကပ်လှူတာ မဟုတ်ပါလား။ ဤသည်ကို သစ်သီးဆို အလုံး လိုက်ကြီး၊ မုန့်ဆိုလျှင်
အိတ်ကမခွာထား။ ညနေအထိထားလို့ထား။ တစ်ချို့ သစ်သီးကိုအုန်းပြီး
မှည့်မှစွန့်ကြတယ်။ စက္ခုအမြင် မတင့်တယ်စရာပါ။ စာဖတ် သူများ မသိရှိသေးက
ပြင်ဆင်နိုင်ရန် တင်ပြအပ်ပါသည်။ အမှားကိုသိလို့ အမှန် ကိုပြင်တာလူတော်ပေါ့။
ဆွမ်းလှူသဖြင့် ရရှိနိုင်သော အကျိုးတရား (၅)မျိုး ကိုလည်း အင်္ဂုတ္တိုရ်
ပါဋ္ဌိတော် ဘောဇနသုန်တွင် ပြဆိုထားပါသည်။ ၄င်းတို့မှာ (၁) အသက်ရှည်ခြင်း၊
(၂) အဆင်းလှခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာခြင်း၊
(၄) ခွန်အားဗလ ကြီးမားခြင်း၊
(၅) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

(၃) ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာလုပ်လုပ် သရဏဂုံရွတ်ဆိုဆောက်တည်ခြင်း။
အရဟံဂုဏ်တော် ရွတ်ဆိုပွားများခြင်း။
အသင့်အတင့်အမှန်အတိုင်း နှလုံးသွင်း၍(ယောနိသော မနသိကာရ)၊ လူတိုင်းကို
ပီယစက္ခု ချစ်ခင်သောအမြင်ဖြင့်ကြည့်ကာ မိမိ၏နှလုံးအိမ်ထဲတွင် ဘုရား၊ တရား၊
သံဃာ တို့၏ဂုဏ်တော်များကို မြင်ရောင်၍ ဘုရား၊ တရား၊ သံဃာမှတပါး
ကိုးကွယ်ရာမရှိပါဟု မှတ်ယူကာ သရဏဂုံကို ရွတ်ဖတ်ပွားများခြင်း။
အရဟံ= (က) ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
(ခ) စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသော မြတ်စွာဘုရား၊
(ဂ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။ ဟူ၍ အရဟံဂုဏ်တော်ကို
တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပွားများခြင်း။ ဤကဲ့သို့ သရဏဂုဏ်ဆောက်တည်ခြင်းသည်
ကျောင်းဆောက်လှူဒါန်း၍ ကျောင်းဒကာ ဖြစ်သည်ထက်မြတ်၏။ ဤသို့ပွါးများရာတွင်
ကမ္မဋ္ဌာန်း(၄၀)မှ အနုဿတိ(၁၀)ပါးတွင် ပါဝင်သော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းရှုရာလည်း
ရောက်ပါတယ်။

(၄) ညအိပ်ယာဝင်တိုင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသဖြင့် ခံယူ၍ ဘုရားဝတ်ပြု၊
မေတ္တာပွားပြီးမှ အိပ်စက်ခြင်း။
သာမာန်ဘုရားဝတ်ပြုပြီးမှ အိပ်စက်တာထက်စာရင် သီလစောက်တည် မေတ္တာ ပို့ပြီးမှ
အိက်စက်ရင်ပိုပြီး သီလစင်ကြယ်ပါတယ်။ မေတ္တာအကျိုး(၁၁)မျိုး ကို
လည်းရရှိစေပါတယ်။
(၁) ချမ်းသာစွာ အိပ်ရခြင်း။
(၂) ချမ်းသာစွာနိုးရခြင်း။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်ခြင်း။
(၄) နတ်အပေါင်းက စောင့်ရှောက်ခြင်း။
(၅) လူအများချစ်ခင်ခြင်း။
(၆) မီးဘေးမသင့်နိုင်ခြင်း။
(၇) အဆိပ်၊လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်တည်ကြည်ခြင်း။
(၉) မျက်နှာကြည်လင်ခြင်း။
(၁၀) တွေဝေစွာမသေရခြင်း။
(၁၁) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟုပြဆိုထားပါတယ်။

ဤအချက်တို့သည် ဗုဒ္ဓဘာသာလူမျိုးများ အနေဖြင့် ငယ်စဉ် ကလေးဘ၀က
သိရှိပြီးသားဖြစ်ပါသည်။ သို့သော်ဤအချက်တို့ကို စာဖတ်သူများ ငယ်စဉ်မှစ၍
ယခုအချိန်ထိ ဘယ်နှစ်ကြိမ်လုပ်ဖူးပြီလဲဆိုသော အတွေး လေးတော့
ဝင်စေချင်မိပါသည်။ နွားတစ်ကောင်အသက်ကြီးလာလေ သူရဲ့ဦး ချိုရှည်လာလေ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့တဏှာကြီးလေပါ။အသားတိုးသလော
က် တဏှာတိုးသလောက၊်
တရားအသိမတိုးရင် လူကြီး လာသော်လည်း ကလေးတွေးသာသာရယ်ပါ။ သတိအကြောင်း၊ ၀ိပဿနာ
အကြောင်းတွေ ဖောင်ဖောင်ကြီးပြောနေပေမဲ့ စိတ်နေစိတ်ထားရော ကိုယ်ကျင့်
တရားနဲ့ကိုယ်နှုတ်အမူအရာရော ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင် အဲဒီ လူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။ အဲဒီတော့ ဗုဒ္ဓဘုရား၏တရားတော်အတိုင်း
နေ့စဉ်ပြုအပ်သော၊ နေစဉ်ပြုအပ် သော၊ စောင့်ထိန်းအပ်သော၊ ရှောင်ကျဉ်အပ်သော
တရားတော်တို့ကို အချိန်နှင့် အမျှ ကျင့်သုံးကြပါစို့။ ပုထုဇဉ်
တို့၏သဒ္ဓါတရားသည် ထာဝရ မခိုင်မြဲနိုင်လို့ ဆိုထားပေရာ
ဗုဒ္ဓဘာသာဝင်သူတော်စဉ်အပေါင်း ဤကဲ့သို့ ကပ်လှူခြင်း၊ ပွားများခြင်းအားဖြင့်
သဒ္ဓါတရားရင့်သန်၍ ၀ိပဿနာတရားတော်ကို ကျင့်ကြံကြိုး ကုတ် အားထုတ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များ
ဖြစ်ကြပါစေ။
*ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်စေရန် ရည်သန်၍*
*ဓမ္မဒါနပြုအပ်ပါသည်။ သတ္တ၀ါအချင်းချင်း ပီယစက္ခုဖြင့် ကြည့်ရှုနိုင်ကြပါစေ။

*
မုံလယ်တောရ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူ

[image: w62313]ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်၊ မုံလယ်တောရကျောင်းတွင်
သီတင်းသုံးလျက်ရှိသော ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တသံဝရ
မုံလယ်ဆရာတော်ဘုရားကြီး
သက်တော်(၉၁)နှစ်၊ ၀ါတော်(၃၄) ၀ါသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက် ၈ နာရီ ၅
မိနစ်တွင် ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူသွားခဲ့ကြောင်းလည်း သိရှိရပါသည်။
ဖေဖော်ဝါရီလ ၂၅  ရက် နံနက် ၈ နာရီအချိန်တွင် ခန္ဓာဝန်ချသွားသော
မုံလယ်တောရ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်တွင် ခန္ဓာဝန်ချပြီး လေးရက်အကြာ
မတ်လ ၁ ရက်နေ့ နံနက်၌ ဦးခေါင်းတော်၌ မွေးညင်းဆံပင်လေးများ
ရှင်သန်လာကြောင်းလည်း ဖူးတွေ့ရပါသည်။

ခန္ဓာဝန်ချပြီးသည်မှစ၍ ရုပ်ကလာပ်တော်၏ ထူးခြားမှုနှင့်ပတ်သက်၍ ''ဆရာတော်ကြီးက
လက်ရှိ ထင်ရှားစဉ် ကျိန်းစက်နေသလိုပဲ ခန္ဓာကိုယ်က ပျော့ပျော့ပျောင်းပျောင်း
ရှိနေပါတယ်။
မျက်ဝန်းတော် ဘေးတွေမှာလည်း ချွေးစို့နေတာ ဖူးတွေ့ရတယ်။ ညပိုင်းတွေမှာလည်း
ထူးခြားတဲ့ ကြည်ညိုဖွယ်ရာ ဖြစ်စဉ်တွေ ဖူးတွေ့ရပါတယ်''ဟု စံကျောင်းတော်တွင်
အမြဲရှိနေသည့် တပည့် ဒါယကာတစ်ဦးကလည်း ပြောကြားပါသည်။
[image: image003.jpg]
ဆန်နီနေမင်း အမေးအဖြေ ရုပ်ပွားတော်နဲ့ပတ်သတ်၍
  မြတ်ဗုဒ္ဓရုပ်ပွားတော်မျက်နှာအသွင်များ ကွဲပြားရခြင်းမှာ ဗုဒ္ဓရုပ်ပွားတော်
ပြုလုပ်သူများ၏ နိုင်ငံနှင့်လူမျိုးအပေါ်မှာ မူတည်၍ ကွဲပြားသွားကြပါသည်။
အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓရုပ်ပွားတော်ကို မိမိတို့
လူမျိုးမျက်နှာနှင့်ယဉ်ကျေးမှုကို ကြည့်ရှု့ပြီး ထုလုပ်ကြသည်က များသောကြောင့်ပင်
ဖြစ်ပေသည်။

         မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက မြတ်ဗုဒ္ဓသည် မိခင်ရင်းဖြစ်သော
မယ်တော်မာယာဒေ၀ီ ရောက်ရှိနေသည့် တာဝတိံသာနတ်ပြည်သို့ သွားရောက်၍ တရား
ဟောကြားသောအခါ ကုဒါယနအမည်ရှိသောမင်းသည် မြတ်ဗုဒ္ဓနတ်ပြည်မှ ပြန်ကြွမလာ
သောကြောင့် ရှင်မောဂ္ဂလာန်အား မြတ်ဗုဒ္ဓအစား ကိုးကွယ်ဖို့အတွက် ရုပ်ပွားတစ်ခု
ယူဆောင်ပေးရန် တောင်းပန်းလျှောက်ထားခဲ့ပေသည်။

       ထိုအခါ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်သည် မြတ်ဗုဒ္ဓရုပ်ပွား ပြုလုပ်ရန်အတွက်
ပန်းပုဗိသုကာဆရာတစ်ယောက်အား တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်သွားပြီးလျှင်
မြတ်ဗုဒ္ဓအားဖူးမျှော်စေပြီး စန္ဒကူးနံ့သာသားနဲ့ မြတ်ဗုဒ္ဓဆင်တုတော်ကို
ပြုလုပ်ခိုင်းခဲ့ပါပေ သည်။

       မဟာဝံသကျမ်းအလိုအရ မြတ်ဗုဒ္ဓရုပ်ပွားတော်များကို ဒေ၀ါနံပိယတိဿမင်း
လက်ထက်ကတည်းက ရှိခဲ့သည်ဟု ဆိုပေသည်။ အချို့သော ပညာရှင်များ၏ အလိုအရမှာတော့
ဒုတုဂါမုနုမင်းလက်ထက်ကတည်းက သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓရုပ်ပွား တော်များ
ရှိခဲ့သည်ဟု ဆိုပေသည်။ ထေရ၀ါဒဗုဒ္ဓဘာသာတို့ရဲ့ အစဉ်အလာအရ
ဗုဒ္ဓရုပ်ပွားတော်များသည် ပုံစံ(၃)မျိုး ရှိပေသည်။ (၁) မတ်တပ်ရပ် ရုပ်ပွားတော်၊
(၂) ထိုင်တော်မှုရုပ်ပွားတော်၊ (၃) လျောင်းတော်မူရုပ်ပွားတော်ဟူ၍ (၃)မျိုး
ရှိပေသည်။

      မြတ်ဗုဒ္ဓရုပ်ပွားတော်များ၏ မျက်နှာပုံစံ ကွဲပြားရခြင်းမှာ
ရုပ်ပွားတော်ပြုလုပ်သော ဗိသုကာပညာရှင်များ၏
မိမိတို့လူမျိုးနှင့်ယဉ်ကျေးမှုပေါ်မူတည်ပြီး သူတို့စိတ်ကူးအတိုင်း
ပုံဖော်ကြသောကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ ကွဲပြားသွားကြပါသည်။
သီရိလင်္ကာနိုင်ငံ၌ ထုလုပ်သောရုပ်ပွားတော်များသည် သီရိလင်္ကာဗိသုကာပညာရှင်များ၏
စိတ်ကူးအတိုင်း ဖြစ်လာသလို မြန်မာနိုင်ငံ၌ ထုလုပ်သောရုပ်ပွားတော်များသည်လည်း
မြန်မာဗိသုကာများ၏ ယဉ်ကျေးမှုနှင့်စိတ်ကူးအတိုင်း ဖြစ်လာပေသည်။

         ထိုကဲ့သို့ နိုင်ငံနှင့်လူမျိုး ယဉ်ကျေးမှုတို့ကွဲပြား၍
ဗုဒ္ဓရုပ်ပွားတော်မျက်နှာ အသွင်အပြင် ကွဲပြားခြားနားကြသော်လည်း မြတ်ဗုဒ္ဓ၏
လက္ခဏာတော်များ၊ ကြည်ညိုဖွယ်ရာဂုဏ်တော်များ၊ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူခဲ့သော
ပုံစံများမှာကား တူညီကြပေသည်။

        မည်သို့ပင်ဖြစ်စေ မိမိတို့၏ စိတ်သန္တာန်၌ မိမိရှေ့တွင်ရှိသော
ဗုဒ္ဓရုပ်ပွားတော်ကို သက်တော်ထင်ရှားရှိသော မြတ်ဗုဒ္ဓကဲ့သို့ ရည်မှန်းပူဇော်ကာ
ကောင်းမှုကုသိုလ်များ ပြုလုပ်လျှင် ထိုက်တန်သော
ဆိုင်ရာဆိုင်ရာအကျိုးကျေးဇူးများသည် ဧကန်မုချရရှိမည် ဖြစ်သောကြောင့်
မိမိစိတ်သာလျှင် အာရုံပြုတတ်ဖို့နှင့် ကြည်ညိုမှုအစစ်ဖြစ်ဖို့သာ အဓိကကျပေသည်။
ထို့ကြောင့် လူသားအားလုံး မြတ်ဗုဒ္ဓအား ယုံကြည်မှုသဒ္ဓါတရား ပြည့်ဝစွာဖြင့်
ကိုးကွယ်ဆည်းကပ် ကျေးဇူးဆပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်
လိုက်ရပါပေသည်။

        မှတ်ချက်။ ။ စာရေးသူသည် မြန်မာပြည်၌ ရောက်ရှိနေ၍
ကော်နရှင်မကောင်းသောကြောင့် ဘလော့ပို့စ်များ မတင်ဖြစ်တာ များပေသည်။ သို့သော်
ယခုအခါ မိမိနေထိုင်ခဲ့ရာ မန်းလေးသာသနာ့တက္ကသိုလ်တွင် အလည်ရောက်ရှိနေခိုက်
အင်တာနက်သုံးလို့ရ၍ မေးခွန်းများလည်း များနေသဖြင့် တက်နိုင်သမျှကို
တင်ပေးလိုက်ခြင်း ဖြစ်ပေသည်။ စာရေးသူ (၅)လပိုင်း ပြည်ပသို့ ပြန်လာမှသာ
ဘလော့ပို့စ်များကို နေ့စဉ်တင်ပေးနိုင်အောင် ကြိုးစားသွားပါမယ်လေ။ ခု
မြန်မာပြည်တွင်း သိချင်တာများ မေးချင်ပါက စာရေးသူကိုင်ဆောင်နေတဲ့ ဖုန်း
(၀၉-၅၀၂၃၂၅၉)ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်လေ။

 ဘုန်းတော်ကြီး စာမေးပွဲများ
<http://www.maukkha.org/index.php?option=com_content&view=article&id=1...>

 မကြာမီ ပထမပြန် စာမေးပွဲများ စစ် တော့မည်။ ဘုန်းတော်ကြီးများရဲ့ ပညာရေး
ဖြတ်သန်းမှုကို ပထမပိုင်း အခြေအနေများနှင့် ယခုလက်ရှိ အခြေ အနေများကို
နှိုင်းယှဉ်နေမိသည်။ ဟိုယခင် ဤပထမပြန် စာမေးပွဲ ပုံစံနှင့် ယခုပုံစံ
များစွာကွဲပြား သွားပေပြီ။

အကောင်းကို ဦးတည်သလား၊ အဆိုးကို ဦးတည်သလား၊ တိုးတက်မှုလား၊ ဆုတ်ယုတ်မှုလား၊
ဤမေးခွန်းများက အဆက်မပြတ်ပေါ်လာသည်။

ဘုန်းတော်ကြီးများ၏ စာပေလေ့လာသင်ယူမှုသည် နှုတ်ငုံဆောင်ရသော ပညာရေးသင်ကြားမှု
ဖြစ်သည်။ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့ ဟူ၍ ဟိုး အင်းဝခေတ်လောက်တည်းက
စွဲမြဲခဲ့သော သင်ကြားမှုစနစ်သည် ယနေ့အချိန်ထိ မပြောင်းလဲသေးပေ။ ဗုဒ္ဓ စာပေနှင့်
အဆုံးအမများသည် ယနေ့ခေတ်တိုင်မက နောင် လူသားတည်ရှိနေသမျှ အသုံးဝင်နေမည်
ဆိုသည်မှာ သံသယဖြစ်စရာမရှိ ပေ။ လက်ငင်းဘဝတွင် အသုံးချနိုင်သော နေ့စဉ်ဘဝနှင့်
အံဝင်ခွင်ကျ ရှိလှသော အဆုံးအမများ ဖြစ်ပေသည်။

သို့သော်လည်း သင်ယူဆဲ ကာလနှင့် နောင်နှစ်တော်တော်ကြာသည်အထိ ကိုယ်သင်ထားသည့်
ပညာရေးသည် လက်တွေ့ ဘဝတွင် မည်ကဲ့သို့ အသုံးဝင်သည်ကို သဘောမပေါက်ဘဲ ရှိကြသည်။
သဂြိုဟ်လို အဘိဓမ္မာ အခြေခံများသည် ကုသိုလ်၊ အကုသိုလ်နှင့် စိတ်ဖြူစင်အောင်
ပြုလုပ်ပုံများ အတိအကျ ပါရှိသော်လည်း သင်ကြားပြသသော ဆရာတချို့ကလွဲ၍ ဆရာအများစုက
နှုတ်တက်ရွရွသာ အတင်း ကျက်အံခိုင်းခဲ့သည်။

သဒ္ဒါလို ဘာသာရပ်တွင် နာမ်ပုဒ်၊ ကြိယာပုဒ် တည်ဆောက် ပုံများကို ပါဠိသဒ္ဒါသုံး
ဝေါဟာရဖြစ်သော ဓာတ်၊ ပစ္စည်း၊ ဝိဘတ် တွဲစပ်ပုံတို့ကို နေ့စဉ် အလွတ်ကျက်မှတ်
ရသော်လည်း ပါဠိဝါကျတည်ဆောက်ပုံတို့ကို ကျွမ်းကျွမ်းကျင်ကျင် မရှိလှချေ။
နောက်ပိုင်း မဟာဂန္ဓာရုံ ဆရာတော် တို့လို ခေတ်မီ ပြောင်းလဲလိုသော ဆရာတော်
တချို့၏ ကြိုးပမ်းမှုကြောင့် ပါဠိသိက္ခာစသော ကျမ်းစာများ ဖြည့်စွက် သင်ကြားကြသော
စာသင်တိုက်တချို့မှ လွဲ၍ စာသင်တိုက် တော်တော်များများ သည် ပါဠိဝါကျ
မစီကုံးတတ်ကြပေ။ စာမေးပွဲတွင်လည်း အလွတ်ကျက်မှတ်ထားသော စာတွေထဲမှာ
ပါဠိတစ်ပုစ္ဆာ၊ အနက်တစ်ပုစ္ဆာကို ပိုင်နိုင်စွာ ဖြေဆိုနိုင်လျှင်ပင်
အောင်မှတ်ရရန် အတော်နီးစပ်နေခြင်းကလည်း အာဂုံဆောင်ဓလေ့ကို ပိုမိုအားပေးသည်ဟု
ထင်သည်။ ဥာဏ်စမ်း ပုစ္ဆာများ မဖြေနိုင် သော်လည်း အောင်မှတ်ရဖို့အတွက် အာဂုံကျက်
ထားရသော စာများက အားကိုးလောက် နေသည်။ ဤလိုနှင့် ပထမငယ်၊ ပထမလတ်၊ ပထမကြီး
တန်းများကို ဖြတ်ကျော်ခဲ့ပြီးနောက် ဓမ္မစရိယတန်းလို သဘောတရား ကို ဦးစားပေးရသော
အတန်းကို အောင်မြင်သူ နည်းပါးခဲ့သည်။

စာမေးပွဲပုစ္ဆာများကို တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်ပုံစံတည်းမို့ မည်သည့်နေရာက
ဖြေဖြေ အောင်မြင်သူတိုင်း အရည်အချင်းမှာ မကွာခြားလှပေ။ ယခုနောက်ပိုင်း
စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာခဲ့သော စာမေးပွဲပုံစံများက ပညာသင်ကြားသူ
စာသင် သားတို့အား အရည်အချင်းကို တစ်မျိုးပြောင်းလဲသွားစေသည်။ စာသင်ပုံစနစ်သည်
နဂိုအတိုင်း ဖြစ်သော်လည်း စာဖြေပုံစနစ်သည် တစ်မျိုးတစ်ပုံစံ ဖြစ်သွားပေပြီ။

တိုင်းအလိုက် မေးခွန်းထုတ်၍ စာဖြေချိန်ရက် မတူတော့ခြင်းက စာဖြေသူတို့အတွက်
ရွေးချယ်စရာ အသစ်တို့ကို ဖန်တီးပေးသလို ဖြစ်သွားစေသည်။ မန္တလေးတိုင်း
စာဖြေရက်နှင့် စစ်ကိုင်းတိုင်း စာဖြေရက် မတူညီခြင်းကို စာသင်သား သံဃာ တစ်ပါးက
ကိုယ်တွေ့ကို ပြောပြခဲ့ဖူးသည်။ ပထမလတ်တန်းကို မန္တလေးတွင်လည်း
စာရင်းပေးသွင်းထားသည်။ စစ်ကိုင်းတွင်လည်း ပေးသွင်းထားသည်။ မေးခွန်းချင်းလည်း
မတူသည့်အတွက်ကြောင့် တစ်တိုင်းမဟုတ် တစ်တိုင်းမှာတော့ အောင်မြင်နိုင်သည်။
တိုင်းအတွင်း ပထမ၊ ဒုတိယ၊ တတိယ တို့ကို ရွေးသည်။ ထိုပြည်နယ်နဲ့တိုင်း ပထမ၊
ဒုတိယ၊ တတိယတို့ကို တဖန်ပြန်၍ ကမ္ဘာအေး၌ ပြန်လည်၍ ဖြေကြရသည်။ ထိုထဲမှ
တစ်နိုင်ငံလုံး ပထမ၊ ဒုတိယ၊ တတိယကို ရွေးချယ်သည်။

စာမေးပွဲစနစ် ပြောင်းလာသည်နှင့်အတူ မေးခွန်းပုံစံ ပြောင်းလာသည်။ တိုင်းအတွင်း၊
ပြည်နယ်အတွင်းက စာသင်တိုက်ကြီး များမှ ထိုတိုင်း၊ ပြည်နယ်အတွက် မေးခွန်းထုတ်ကြရ
သည်။ စာသင်တိုက်ကြီးမှ မေးခွန်းထုတ် စာချ ဆရာတော်တစ်ပါး သွားရောက်ပြီဟု
သတင်းကြားသည်နှင့် ထိုဆရာတော် စပို့ခဲ့သော ဘာသာရပ်နှင့် သက်ဆိုင်သော
မှတ်စုစာအုပ်များကို အခြားစာသင်တိုက်များမှ အလုအယက်ရှာဖွေရတော့သည်။ ထိုဆရာတော်
မေးလေ့မေးထရှိသော မေးခွန်းဟောင်း များကလည်း စာသင်သားသံဃာတော်တို့ စာမေးပွဲကို
များစွာ အကူအညီပေးမည့် အရာများ ဖြစ်သည်။ ဒကာ၊ ဒကာမများ၏ ဂုဏ်တု ဂုဏ်ပြိုင်ပြုမှု
စာမေးပွဲ အောင်မြင်သော ကိုရင်များကိုသာ ပစ္စည်းလေးပါး ထောက်ပံ့သူပေါများမှု
တို့ကြောင့် စာမေးပွဲအောင်ရန် နည်းပေါင်းစုံ ကြိုးစားလာကြသည်။

စာမေးပွဲမသမာမှုများက နောက်ပိုင်းတွင် နေရာအနှံ့မှ ကြားလာရသည်။
သာသနာရေးဝန်ထမ်းတချို့၏ စည်းကမ်း ဖောက်ဖျက်မှုက မေးခွန်းများ ပေါက်ကြားစေသည်။
နောက်ပိုင်းတွင် သာသနာရေးဝန်ထမ်းတချို့ကို လာဘ်ထိုး၍ လက်မှတ် ရယူခဲ့သူများပါ
ရှိလာသည်ကို ကြားသိရသည်။

ဒုတိယ ပါရာဇိက သိက္ခာပုဒ်တွင် မသမာသော ခိုးယူမှုအပေါ် ၂၅ မျိုး အထိ ပြဆို၍
ကိုယ်ကျင့် သိက္ခာကို အမြင့်ဆုံး တည်ဆောက်နိုင်ရန် ပညတ်ပေးထားသော်လည်း
ထိုစာမေးပွဲ မသမာမှုများက ထို ၂၅ ပါးထဲမှာ ကျူးလွန်မိအောင် အခြေအနေများက
တွန်းပို့နေသည်။ တချို့နေရာများတွင် လူစားဝင်ဖြေခြင်းတို့ကိုလည်း
ထိထိရောက်ရောက် မတားဆီး နိုင်ပေ။

ယခုခေတ်၌ ခေတ်စားလာသော တက္ကသိုလ်ပညာရေးများ ရှိသည်။ ထိုတက္ကသိုလ်များမှ
ရရှိသောဘွဲ့များသည် အရပ်ဖက် ကျောင်းသားများ ရရှိသော ဘွဲ့များနည်းတူ (B.A) (M.A)
(PhD) ဖြစ်လာသောကြောင့် စာသင်သားများ ထိုဘွဲ့များဆီ မျက်နှာမူဦးတည် လာကြသည်။
တက္ကသိုလ်တိုင်းကို မဆိုလိုသော်လည်း အိန္ဒိယ၊ သီရိလင်္ကာ စသော တက္ကသိုလ်များ
အဝေဖန်ခံနေရသည်။ (PhD) အတွက် လေ့လာနေသော စာသင်သားတစ်ပါးကို တွေ့ဖူးသည်။
တစ်ချိန်လုံး ထိုတက္ကသိုလ်မှာ မရှိ။ သူတက်သည်က အိန္ဒိယ။ သူနေသည်က ထိုင်း။
တစ်နေရာစီမို့ ခေတ်မီနည်းအရ ထိုတက္ကသိုလ်နှင့် အမြဲမပြတ် အဆက်အသွယ်ရှိနေသည်ဟု
ထင်မိသည်။ သေချာမေးကြည့်တော့ ဘာအဆက်စပ်မှ မရှိ။

“အရှင်ဘုရား၊ ဘယ်ခေါင်းစဉ်အတွက် လေ့လာနေပါသလဲ” လို့ မေးလျှောက်တော့
ပါရမီအကြောင်း စာတမ်းတင်ဖို့ လုပ်နေတယ် ဟု ပြန်ဖြေသည်။

“စာအုပ် စာတမ်းတွေတော်တော်များများ လေ့လာရမှာပဲနော် ” ဟု ထပ်လျှောက်တော့ “
လယ်တီဆရာတော်ရဲ့ ပါရမီ ဒီပနီ ရှိနေတာပဲ ဗျာ” ဟု ပြန်ဖြေတာကို ကြားသိခဲ့ရသည်။

ဤလိုနှင့် (B.A) (M.A) (PhD) ဟု ဘွဲ့တွေ မွေးထုတ်ပေးရာ တက္ကသိုလ်အချို့က
ဘုန်းတော်ကြီးပညာရေးစနစ်ထဲမှ ဖြစ်ပျက်နေမှုအချို့ ဖြစ်သည်။ တကယ်တိတိကျကျ
သင်ကြားပို့ချသော တက္ကသိုလ်များလည်း မရှိမဟုတ်။ ဆွမ်းဆန်နဲ့ ရောသော
ကြွက်ချေးအချို့က ခေတ် ပေါ် ဘုန်းတော်ကြီး ပညာရေးကို ဖြတ်လမ်းလိုက်လိုသူတို့ ကို
အားပေးရာရောက်နေ သည်။

ရှေးခေတ်နှင့် ယခုအထိ ဂုဏ်သိက္ခာရှိ တန်ဖိုးထားနေရဆဲ ဖြစ်သော သကျသီဟ၊ စေတီယင်္ဂဏ
စသော စာမေးပွဲများက ယခုခေတ်ပေါ် ပညာရေးတို့ထက် သံဃာလောကတွင် အသိအမှတ်ပြုခံခဲ့ရဆဲ
တန်ဖိုးတစ်ခုအဖြစ် ပညာလိုသူတိုင်း၏ ကျားကုတ်ကျားခဲ အားထုတ်ဆဲ ဖြစ်သည်။
ထိုစာမေးပွဲတို့၏ အားနည်းချက်၊ ချို့ယွင်းချက်တို့ မရှိသောကြောင့် တန်ဖိုး
ထားခံရခြင်း ဖြစ်သည်။

သီလ၊ သမာဓိ၊ ပညာဟု ကိုယ်ကျင့်တရားကို အခြေခံသော ပညာရေးစနစ် ဂုဏ်တု၊
ဂုဏ်ပြိုင်နှင့် ငွေ၊ ဝတ္ထုတို့၏ ဖျက်ဆီးမှု ကြောင့် ပုံစံတစ်မျိုး
ပြောင်းခဲ့ရပေပြီ။ အခု ပညာရေးစနစ်ကို ပြုပြင်ချင်လျှင် အစိုးရတီထွင်ထားသော
ဘွဲ့ထူး၊ ဂုဏ်ထူးများနှင့် အာမိသပူ ဇာ တို့၌ အခြေခံနေသည်ကို တွေ့ရှိရမည်
ဖြစ်သည်။ ဘွဲ့ရတိုင်း ပညာတတ်မဟုတ်သော စစ်တပ်အုပ်ချုပ်သော ခေတ်၏ အရောင်သည်
သံဃာလောကသို့လည်း ဝင်ရောက်လျှက် ရှိနေပေတော့သည်။

* အရှင် ဇဝန* (ဓမ္မာစရိယ)
သောတာပန် ပြဿနာ ရှင်းတမ်း အရှင်ကောဝိဒ (ယော)
`မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ပုဂ္ဂိုလ်များ
ဖြစ်သွားကြရာ၌

(က) ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူများ ပါ/မပါ။
(ခ) ဘ၀တစ်ခုမှ သောတာပန် ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့
ထူးခြားမှုရှိနိုင်ပါသနည်း။
(ဂ) ယခင်ဘ၀က သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်သွားသော
သုတ္တန်များရှိလျှင် ညွှန်ပြပါ-

ဦးကောင်းမွန်

ဖြေ။ ။ ရှေဦးစွာ သောတာပန်ဟူသော ပုဒ်ကို ရှင်းပြချင်ပါသည်။ သောတာပန်ဟူသော
ပုဒ်သည် သောတာပန္န-ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်၏။
သောတာပန္န-ဟူသော ပုဒ်သည် သဒ္ဒါနည်းအရ သောတနှင့် အာပန္န-ဟူသော ပုဒ်နှစ်ခုကို
ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤတွင် သောတ-အရ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးကို ရ၏။
ထိုမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်သောသူသည် သောတာပန္န-မည်၏။

အနည်းငယ်ထပ်၍ ရှင်းရလျှင် `သ၀တိ သန္ဒတီတိ သောတော= မဆုတ်နစ်ဘဲ တစ်စီးတည်း
စီးသွားတတ်သောကြောင့် သောတ-မည်၏။ ဤအလို ရေအလျဉ်ကို ရ၏။ သောတော ၀ိယာတိ သောတော=
ရေအလျဉ်နှင့်တူသောကြောင့် သောတမည်၏။

ဤအလို အဋ္ဌင်္ဂိကအရိယမဂ်-ဟူသော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ရ၏။ ဟိမ၀န္တာတောင်မှ စ၍
စီးဆင်းလာသော ဂင်္ဂါမြစ်ရေသည် နောက်ပြန် ဆုတ်နစ်ခြင်း မရှိဘဲ သမုဒ္ဒရာအထိ
ရောက်အောင် ဆက်လက်စီးဆင်း သွားသကဲ့သို့ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး
မြတ်တရားသည်လည်း ရှေးဦးစွာ ဖြစ်ပေါ်လာရာ သောတာပတ္တိမဂ် ခဏမှစ၍ သတ္တိအင်းအား
နည်းပါးဆုတ်နစ်ခြင်းမရှိ တဆင့်ထက်တဆင့် ရင့်သထက်ရင့်ကာ နိဗ္ဗာန်တည်းဟူသော
သမုဒ္ဒရာသို့ ၀င်ရောက်လေတော့၏။

``ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊
သောတာပတ္တိယင်။´´ဟူသည်နှင့်အညီ သောတာပတ္တိမဂ်၏ အင်္ဂါအစိတ်အပိုင်း သောတာပတ္တိယင်္ဂ၊
ဝါ- တရားမှန်တော်ကြီး =ဓမ္မာဒါသ အမည်ရသော သောတာပန်ဖြစ်/မဖြစ် မှတ်ကျောက်တင်
စစ်ဆေးနိုင်ဖို့ရာ အင်္ဂါလေးချက် ရှိပါသည်။

(၁) ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၂) တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၃) သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၄) အရိယာတို့ နှစ်သက်အပ်သော ငါးပါးသီလ မကျိုးမပေါက် မပြောက်မကြားခြင်းတို့
ဖြစ်၏။
သောတာပန်ဖြစ်လျှင် ဤတရားလေးပါးနှင့် ပြည်စုံမြဲဖြစ်၏။
`
`သဟာဝဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။´´ ဟူသည်နှင့်အညီ သောတာပန်ဖြစ်သည်နှင့် တပြိုင်နက်
`သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ´ တရားသုံးပါးနှင့် ကိလေသာအချို့ကို
ပယ်ရှားအပ်ပြီး ဖြစ်၏။

ထိုသောတာပန်ပုဂ္ဂိုလ်သည် ကိလေသာများ ကြွင်းကျန်သေး သော်လည်း အပါယ်လားကြောင်း
မကောင်းမှုတို့ကို ပြုလုပ်ခြင်း မရှိသောကြောင့် အ၀ိနိပါတဓမ္မော= အပါယ်သို့
လားရခြင်း သဘော မရှိတော့။ နိယတော= မဂ်ဟူသော နိယာမဖြင့် မြဲသော သဘောရှိ၏။
သမ္ဗောဓိပရာယဏော= အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာရှိ၏။ အထက်မဂ်ကိုသာ
ရဖို့ရှိ၏။ အောက်သို့ (လောကီဈာန်များကဲ့သို့ ) လျောကျရိုး ထုံးစံ မရှိ။

သို့ရကား ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများသည် ယခုဘ၀၌ မဂ်ဖိုလ်ရမည်မှန်လျှင်
သကဒါဂါမိ မဂ်ဖိုလ်ကိုသာ ရဖို့ အကြောင်းရှိ၏။ သောတာပတ္တိမဂ်ဖိုလ်ကို တဖန်ထပ်၍
ရဖွယ်မရှိ။ အကြောင်းကား ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူသည် မဂ်၏ နိယာမသဘောအရ
မွေးကတည်းက သောတာပန်အဖြစ် မွေးလာ သောကြောင့်တည်း။

ထို့ကြောင့် မြတ်စွာဘုရား လက်ထက်က တရားတစ်ပုဒ် ဟောပြီးတိုင်း သောတာပန်ဖြစ်ကြသော
ပုဂ္ဂိုလ်တို့တွင် ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများ မပါပါ။ သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင်ကား ပါနိုင်ပါသည်။

ဘ၀တစ်ခုမှ သောတာပန်ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှု
ရှိနိုင်ပါသနည်းဟူရာ၌ `ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ´ ဟူသော ရတနသုတ် ပါဠိတော်နှင့်အညီ

၁။ မာတုဃာတ= အမိ သတ်ခြင်း။
၂။ ပိတုဃာတ=အဘသတ်ခြင်း။
၃။ အရဟန္တဃာတ= ရဟန္တာသတ်ခြင်း။
၎။ လောဟိတုပ္ပါဒ= ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း။
၅။ သံဃဘေဒ = သံဃာကို ကွဲပြားအောင်ပြုခြင်း။
၆။ အညသတ္ထာရုဒ္ဒေသ =ဘုရားမှတပါး အခြားဆရာကို ကိုးကွယ်ရာဟု ညွှန်းခြင်း (
ဘာသာပြောင်းခြင်း ) ဟူသော အဘိဋ္ဌာနခြောက်မျိုးကို ယခင်ဘ၀က သောတာပန်ဖြစ်ပြီး သူသည်
ယခုဘ၀၌ မိမိ၏ သောတာပန်အဖြစ်ကို မသိသော်လည်း မဂ်၏ မပြောင်းမလဲတည်မြဲသော
နိယာမသဘောအရ မပြုလုပ်တော့။

ယခုဘ၀၌ ဘုရား တရား သံဃာဟု ရတနာသုံးပါး ထင်ရှားရှိလျှင် ဘာသာခြား၌ မွေးသော်လည်း
အရွယ်ရောက်သော အခါ ရတနာသုံးပါးကိုသာ ယုံကြည်ကိုးကွယ်ရာ၏။
မိမိ၏ သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါး၏ တိုက်တွန်းချက်ကြောင့်သော်လည်းကောင်း
ပါဏာတိပါတစသော အမှုတို့ကို မပြုလုပ်တော့။ (အထက်တွင် သောတာပန်သည် အမိသတ်ခြင်း
စသည်တို့ကို မပြုတော့ဟု ဟောတော်မူခြင်းသည် ပုထုဇဉ်အဖြစ်ကို
ကဲ့ရဲ့လို၍သာဖြစ်သည်။

အမှန်မှာ မည်သည်သတ္တ၀ါမျှ မသတ်တော့။ ပုထုဇဉ်တို့ကား သတ္တ၀ါသာမညကို ထားဘိဦး
မိခင်အရင်းကိုပင် သတ်ဖြစ်ဖို့ အလားအလားရှိလေ၏။) ငါးပါးသီလကို အသက်ဟူသော
အကြောင်းကြောင့်ပင် ဖောက်ဖျက်ကျူးလွန်မှု မပြုတော့။

တပါးသော သူတို့က အတင်းအကျပ် ရေနှင့်အရက်ကို ရောယှက်၍ တိုက်လျှင်ပင် ရေသာဝင်၍
အရက်မ၀င်ဟု ဖွင့်ပြကြ၏။ (မဂ်၏ အစွမ်းသတ္တိကြောင့် မမူးခြင်း၊ သို့မဟုတ်
သောက်သမျှ ဓာတ်မတဲ့သကဲ့သို့ ဖြစ်ကာ အန်ထွက်ခြင်း၊ သို့မဟုတ် Alcohol ဓါတ်ပျက်ကာ
H2 O ဟူသော ရေဓာတ်သာ ၀င်ရောက်သွားခြင်းကို ဆိုလို၏ ဟု ယူဆရပါသည်။)

ထိုသို့ ငါးပါးသီလမြဲခြင်း၊ အယူမမှားခြင်းတို့အပြင် သောတာပန်အဖြစ်
မွေးဖွားလာသော ပုဂ္ဂိုလ်၌ အခြားသိသာသော အချက်များမှာ သမ္မာအာဇီဝနည်းဖြင့်သာ
စီးပွားရှာခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလိုငြူစူသော ဣဿာ၊
မိမိစီးပွား မိမိ ရပိုင်ခွင့်များကို နှမြောတွန့်တိုသော မစ္ဆရိယများ မရှိခြင်း၊
အဂတိလေးပါး မလိုက်စားခြင်း၊ ဘုရားရှင်ကို အကြောင်းပြု၍ ဒေါမနဿမဖြစ်ခြင်း၊
လွန်ကျူးမိသော အပြစ်များကို ဖုံးကွယ်ထားမှု မရှိခြင်း စသည်တို့ ဖြစ်၏။

(ယခုခေတ် ရိပ်သာအမည်ခံ ဌာနအချို့မှ အလွယ်တကူ သောတာပန်ဖြစ်လာသူများကိုလည်း
အထက်ပါ အချက်များဖြင့် တိုက်ဆိုင်ကြည့်နိုင်ပါသည်။)

ယခင်ဘ၀ သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀သကဒါဂါမ်၊အနာဂါမ်၊ ရဟန္တာဖြစ်သွားသော
သုတ္တန်များရှိလျှင် ညွှန်ပြပါ-ဟူရာ၌ ယခုဘ၀ အရ ဂေါတမဘုရားရှင်
လက်ထက်ကာလကိုဆိုလိုကြောင်း နားလည် ရ၏။
သို့ဆိုလျှင် ယခင်ဘ၀အရ အဘယ်ကာလကို ယူရမည်နည်းဆို သော် ကဿပဘုရှင်၏
သာသနာတွင်းကာလကို ယူရမည်ဖြစ်၏။ ကဿပဘုရားရှင်လက်ထက်နှင့်
ဂေါတမဘုရားရှင်လက်ထက်သည် လည်း ကာလအားဖြင့် များစွာကွာခြား၏။
သောတာပန်အမျိုးအစားသုံး မျိုးတွင်လည်း ကာမဘုံ၌ ၂-်ဘ၀မှ ၆ ဘ၀အထိ ဖြစ်နိုင်၏။

သတ္တက္ခ တ္တုပရမ သောတာပန်သည် ကာမဘုံ၌ ၇ ဘ၀သာဖြစ်နိုင်၏။ ´ကိဉ္စာပိ တေ ဟောန္တိ ဘုသံ
ပမတ္တာ.န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ`ဟူသော ရတနသုတ်ပါဠိတော်နှင့်အညီ သတ္တက္ခတ္တုပရမ
သောတာပန်သည် အကယ်၍ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေမိစေကာမူ ကာမဘုံ၌
ရှစ်ဘ၀အထိဖြစ်သည်ဟူ၍မရှိ။ ၇ နှစ်ဘ၀အတွင်း အထက်မဂ်ဖိုလ်ရ လျှင်ရ၊ မရလျှင်
ဈာန်ရ၍ ဗြဟ္မာ့ပြည်၌ဖြစ်ရ၏။

ထို့ကြောင့် နောက် ဘုရားရှင် လက်ထက်ကျမှ သာဝကအဖြစ် ဘုရားရှင်ကို ဖူးတွေ့ခွင့်ရ
ကာ အထက်မဂ်ဖိုလ်ရပါလိုကြောင်း ဆုတောင်းခဲ့သူများမှအပ ကြုံ ကြိုက်၍ ဖြစ်ကြသူ
နည်းပါးဖွယ်ရှိ၏ဟု ယူဆရ၏။

အကယ်၍ နတ်ပြည်ချည်းသက်သက် သို့မဟုတ် လူ့ပြည်ချည်း သက်သက် ဆက်တိုက်ဖြစ်ခဲ့သော်
ဘ၀တစ်ရာပင် ဖြစ်စေကာမူ တစ် ဘ၀သာ ရေတွက်ရမည်ဟူသော ၀ါဒအရသော် သောတာပန်ပုဂ္ဂိုလ်၏
ကာမသုဂတိ ၇ ဘ၀ဟူသော သက်တမ်းသည် ဘုရားတစ်ဆူနှင့် တစ် ဆူကြားဟူသော
အပိုင်းအခြားကာလ၌ ဖြစ်နိုင်ခွင့်အလားအလာများ စွာရှိပါသည်။

ထိုသို့သောဖြစ်နိုင်ခွင့်များထဲမှ အနီးစပ်ဆုံးတွေ့ရှိရသည့် သက် သေတစ်ခုမှာ
အဂုင်္တ္တရနိကာယ်လာ သုမနသုတ္တန်ဖြစ်ပါသည်။

ကဿပဘုရားရှင်လက်ထက်တွင် မိတ်ဆွေရဟန်းနှစ်ပါး ရှိခဲ့၏။ ထိုရဟန်းနှစ်ပါးသည်
တစ်ပါးနှင့်တစ်ပါး အတွေးအခေါ် အယူအဆမ တူကြပေ။တစ်ပါးသောရဟန်းသည် သာရဏီယ၀တ်ကို
ဖြည့်ကျင့်၏။ ကျန်တစ်ပါးသည် ဘတ္တဂ္ဂ၀တ်ကို ဖြည့်ကျင့်၏။ သာရဏီယ၀တ်ဖြည့်
ကျင့်သောရဟန်းသည် ဘတ္တဂ္ဂ၀တ်ဖြည့်ကျင်သော ရဟန်းအား `ငါ့ရှင် မပေးမလှူသူအား
အကျိုးတရားမည်သည်မရှိ၊

မိမိရရှိသည့်အထဲမှ သူတစ်ပါးတို့အား ပေးလှူပြီးမှသာ ဘုဉ်းပေးသင့်၏`ဟု ပြောဆို၏။
ဘတ္တဂ္ဂ၀တ်ဖြည့်ကျင့်သော ရဟန်းသည် `ငါ့ရှင် သင်သည်ဘာမျှသိသူ မဟုတ်၊ရဟန်းမည်သည်
သူတစ်ပါးတို့ပေးလှူအပ်သောအရာကို ဖရိုဖ ရဲ လုပ်မပစ်သင့်၊ မိမိအတွက်
သင့်တော်မျှတရုံသာ ခံယူ၍ ဘတ္တဂ္ဂ၀တ် ကိုဖြည့်ကျင့်သင့်၏`ဟု ပြန်လည်ပြောဆိုပါသည်။

ထိုနှစ်ပါးသော ရဟန်းတို့သည် တစ်ပါး၏ အယူအဆကို တစ်ပါး က လက်မခံနိုင်ကြဘဲ
လွတ်လပ်စွာ သဘောကွဲလွဲခဲ့ကြကာ အခင်အ မင်မပျက် မိမိတို့၏ ကျင့်ဝတ်ကို
ကျင့်ကြံကြပြီး ထိုဘ၀မှ သေလွန် သောအခါ နှစ်ပါးစလုံးနတ်ပြည်သို့ရောက်ကြ၏။
နတ်ပြည်ရောက် သောအခါ သာရဏီယ၀တ်ကို ဖြည့်ကျင့်သောရဟန်းသည် ဘတ္တဂ္ဂ
ဝတ်ဖြည့်ကျင့်သောရဟန်းထက် အာယု၊၀ဏ္ဏ၊သုခ၊ ယသ၊ အာဓိပစ္စဟူ သော တရားငါးမျိုး
သာလွန်ကဲပို၏။

ထိုသို့ဖြင့် ထိုနှစ်ဦးတို့သည် လူ့ပြည် နတ်ပြည်ကျင်လည်ပြီး ဘုရားတစ်ဆူ၏
ကြားကာလကုန်ဆုံးကာ ဂေါတမဘုရားရှင်၏ ကာလ တွင် သာဝတ္ထိပြည်၌ လာဖြစ်ကြ၏။

သာရဏီယ၀တ်ကို ဖြည့်ကျင့် သော ရဟန်းသည် ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီးဝမ်း၌
ပဋိ သန္ဓေတည်၏။ ဘတ္တဂ္ဂ၀တ်ကို ဖြည့်ကျင့်သော ရဟန်းသည် ကော သလမင်းကြီး၏
အလုပ်အကျွေးမိန်းမ၀မ်း၌ ဖြစ်၏။ ထိုနှစ်ဦးသည် တစ် နေ့တည်းမှာပင် မွေးဖွားကြ၏။
နာမည်မှည့်သောနေ့တွင် သူတို့နှစ်ဦး အား ရေချိုးပေးကာ ကျက်သရေတိုက်ခန်းမှာ
သိပ်ထား၏။ သာရဏီယ ၀တ်ကို ဖြည့်ကျင့်ခဲ့သောကလေးသည် မျက်စိဖွင့်ကြည့်ကာ
ထီးဖြူကြီး နှင့် ကောင်းမွန်စွာခင်းထားအပ်သော ကျက်သရေခန်း၊ တန်ဆာဆင် ထားအပ်သော
အိပ်ရာနေရာတို့ကို တွေ့မြင်ရသည့်အခါ မင်းမျိုးတစ်ခု တွင် လာဖြစ်နေသည်ကို
သိရှိလိုက်၏။

`ငါ ဘယ်လိုကံတွေကိုပြုခဲ့လို့ ဒီမှာလာဖြစ်ရတာပါလိမ့်´ဟုဆင်ခြင်သည့်အခါ
´သာရဏီယ၀တ်ကို ဖြည့်ကျင့်ခဲ့လို့`ဟု သိရှိပြီး ´ငါ့မိတ်ဆွေ
ဘယ်မှာဖြစ်နေပါလိမ့်´ ဟု ဆင်ခြင်သည့်အခါ သူ့နံဘေး အိပ်နေရသည့်အဖြစ်ကို
တွေ့ရှိပြီး နှိပ် ကွပ်လို၍-
´သူငယ်ချင်း မင်းက ငါ့စကားကိုမှ နားမထောင်ခဲ့ဘဲကိုး´ ဟု ပြော၏။

´နားမထောင်တော့ ဘာဖြစ်လဲ`
´ငါ့ရဲ့ပြည့်စုံမှုကိုကြည့်လေ၊ ထီးဖြူကြီးရဲ့အောက် ကျက်သရေခန်းဆောင်မှာ
အိပ်ရတယ်၊ မင်းကတော့ ခုတင်နိမ့်နိမ့် အခင်းကြမ်းကြမ်းကြီးပေါ်မှာ အိပ်ရတယ်´
`
မင်းက ဒါကို အမှီပြုပြီး မာနတက်နေတာလား၊ ၀ါးနှီးပြားတွေနဲ့ လုပ်ထားပြီး
အ၀တ်ပိုင်းတွေနဲ့ ရစ်ပတ်ထားတာတွေ ချည်းပါပဲ။ ဒါတွေအားလုံးဟာ ပထ၀ီဓာတ်တွေချည်းပဲ
မဟုတ်လား´ဟု အပြန်အလှန် ပြောဆိုနေကြ၏။

ထိုအချိန်တွင် သုမနမင်းသမီးက စကားသံကြား၍ သွားရောက်နားထောင်ရာ ဓာတု-ဓာတ်ဟူသော
အသံကို ကြားသဖြင့် `ရဟန်းနတ်သားတွေ ဖြစ်ခဲ့ရမည်´ ဟု ကြံစည်ပြီး `မိဘတွေကို
ပြောလို့ မဖြစ်သေးဘူး´ဟု ယူဆကာ ဘုရားရှင်အား သွားရောက်လျောက်ထား၏။

(အကျယ်ကို အင်၊မြန်၊၂၊၃၅-တွင် ကြည့်လေ။)
ထိုသုမနသုတ်တွင် ဘုရားရှင်က သာရဏီယ၀တ်ကို ဖြည့်ကျင့်သောရဟန်းကို ဒဿနသမ္ပန္နော-ဟု
သုံးနှုန်းတော်မူ၏။ အဋ္ဌကထာတွင် `ဒဿနသမ္ပန္နောတိ သောတာပန္နော။ = ဒဿနသမ္ပန္န-
ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူသည် သောတာပန် ပင်တည်း။ -ဟု ဖွင့်ပြ၏။ (အံ။ဋ္ဌ၊၃၊ ၁၇)

သို့ရာတွင် ထိုကလေးများ အထက်မဂ်ဖိုလ် ရသည်ဟူ၍ကား မတွေ့မိပါ။ ဖြစ်ဖို့အလားအလာ
များစွာရှိသဖြင့် ဖော်ပြလိုက်ပါသည်။ ကျမ်းဂန်နှံ့စပ် ပုဂ္ဂိုလ်မြတ်တို့ကို ထပ်၍
မေးပါလေဦး။
အရှင်ကောဝိဒ (ယော)
(သောတာပန် ပြဿနာ ရှင်းတမ်း) by Ashin Kovida (Yaw) (အရှင်ကောဝိဒ (ယော) )

*”အပြစ်ဒဏ်ဆယ်မျိုး”မှ အမြဲကင်းလွတ်**သူ*”

* မိဘအားမပြစ်မှားသူသည်၊ ”အပြစ်ဒဏ်ဆယ်မျိုး”မှ အမြဲကင်းလွတ်
သည်။*

၁။ ဦးခေါင်းရောဂါ စသော ပြင်းထန်သည့် ရောဂါဝေဒနာများမစွဲကပ်။
၂။ပစ္စည်းဥစ္စာ မဆုံးရူံးခြင်း။
၃။လက်ပြတ်ခြင်း စသည်ဖြင့် ကိုယ်အဂါင်္ မပျက်စီးရခြင်း။
၎။ကြီးလေးသော အနာရောဂါ မကပ်ရောက်ခြင်း။
၅။စိတ်မပျံ့လွင့် မရူးသွပ်ခြင်း။
၆။မင်းဘေးမင်းဒဏ်မသင့်ခြင်း။
၇။အပြစ်ကြီးလေးသည့် အမူဖြင့် အစွပ်စွဲမခံရခြင်း။
ဂ။မိမိ၏မှီခိုအားထားရာ ဆွေမျိုးမိတ်ဆွေများ မပျက်ဆီး၊မပြုန်းတီးခြင်း။
၉။စည်းစိမ်ဥစ္စာ ဖောက်ပြန်ယိုယွင်းပျက်စီးမူ မရှိခြင်း။
၁၀။နေရာ၊တိုက်၊အိမ်စသောအဆောက်
အအုံကို ပကတိမီး၊ လောင်မီးများ
မလောင်ခြင်းတို့ဖြစ်သည်။

 * သားသမီးလိမ္မာသူတို့ကောင်းကျိုး*

ကျင့်ဝတ်တရား၊ ဤငါးပါးနှင့်
သားတို့ဘွယ်ရာ၊ ကုန်တတ်စွာမူ
ထိုသည့်သူကို၊ လူလည်းလူထွတ်
လူတော်မှတ်လော့၊ နတ်လည်းနတ်လျောက်
နတ်ပြည်ခြောက်မျှ၊ ချီးမွမ်းကြလိမ့်
တွေးဆမျက်ဖျော်၊ ဘီလူးသော်လည်း
မချော်မခက်၊ စိတ်မွေ့ညက်၍
အသက်မသေ၊ ဘေးမဲ့လွှတ်၏
မလတ်မကော၊ မြစ်လယ်ကြောဝယ်
သင်္ဘောလှေမှောက်၊ သေဘေးရောက်လည်း
ချီးမြှောက်နတ်များ၊” မ” သောအားဖြင့်
ထိပါးဥပါဒ်၊ ဘေးမဲ့လွတ်၏
ကင်းပြတ်ဝိညာဉ်၊ ခန္ဓာစဉ်လည်း
ဖဲကြဉ်အပါယ်၊ လူ.ဘုန်းကြွယ်ဟု
လူဝယ်လူထင်၊ နတ်တွင်နတ်ကောင်း
နှောင်းကားမဂ်ဖိုလ်၊ လိုသားဆုမြတ်
ပြည့်ရှာတတ်လိမ့်၊ အကျွတ်သံချောင်း
ဘုရားလောင်းတို့၊ လွှဲပြောင်းဖောက်ပြန်
တိရိစ္ဆာန်ဟု၊ သဏ္ဍာန်ယုတ်မာ
ဖြစ်သောခါလည်း၊ ပညာဇာတိ
မွေးကျိုးသိ၍၊ မွေးမိ မွေးဘ
မွေးဖူးကြသည်၊ ရှေးကလမ်းဟောင်းစဉ်လာတည်း။

      အမှာတော်ရေးဦးရှင်ကလေး

 အသိပညာနည်းသော မိဘတို့ကို အသိပညာရှိလာအောင်၊ ဆောင်ရွက်
ပေးခြင်းသာလျှင် ကျေးဇူးတုံ့ဆပ်ပူဇော်ရာရောက်၍ မိမိကတဖန် မိဘတို့
အပေါ် ကျေးဇူးအသစ် ပြုရာလည်း ရောက်သည်။
                                                               မြတ်ဗုဒ္ဓ

*   ***သူတော်ကောင်းတရား(ရ) ပါး။****

၁။      သဒ္ဒါ = ရတနာသုံးတန်, ကံ ကံ၏အကျိုးတရား စသည်တို့၌ယုံကြည်ခြင်း။

၂။      ဟိရီ =ဒုစရိုက်တရား, အကုသိုလ်တရားတို့မှ ရှက်ခြင်း။

၃။    သြတ္တပ=ဒုစရိုက်တရား၊ အကုသိုလ်တရားတို့မှ ကြောက်ရွံ.ခြင်း၊

၎။ ဗဟုဿုတ=အကြား+အမြင် = ဗဟုသုတများပြားခြင်း။

၅။ အာရဒ္ဓ၀ီရိယ= အကုသိုလ်တရားတို့ကို ပယ်နိုင်ရန်, ကုသိုလ်တရားတို့နှင့်ပြည့်
    စုံစေရန် (သမထ+၀ိပဿနာ=ဘာဝနာ) တို့ကို အပြင်းအထန်ကြိုးစားအားထုတ်ခြင်း

၆။သတိမာ=(သမထ+၀ိပဿနာ=ဘာဝနာတို့နှင့် ယှဉ်တွဲလျက်ရှိသော)သတိ၏အားကောင်းခြင်း။

ရ။ပညာ=ဒုက္ခသစ္စာ+သမုဒယသစ္စာ အမည်ရသည့် သခါင်္ရတရားတို၏ အနိစ္စ,ဒုက္ခ,အနတ္တ
   အခြင်းအရာကို ထိုးထွင်းသိမြင်သည့် ၀ိပဿနာဥာဏ်ပညာနှင့် ပြည့်စုံခြင်း၊

*    ***ပုဂ္ဂိုလ် (၄)မျိုး****

    မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို၊ ကျင့်ရာ၌ ပုဂ္ဂိုလ်(၄)မျိုးအ
ကြောင်းသိထားသင့်ပေသည်။

 ၁။ ဥဂ္ဃဋိတညုပုဂ္ဂိုလ်

၂။ ၀ိပဉ္စ္စိတညုပုဂ္ဂိုလ်

၃။ နေယျပုဂ္ဂိုလ်

၎။ ပဒပရမပုဂ္ဂိုလ် (၄)မျိုးရှိ၏ ။

၁။ ဥဂ္ဃဋိတညုပုဂ္ဂိုလ်- သစ္စာ(၄)ပါးနှင့်စပ်သော တရားတော်ကိုအကျဉ်း
ဖွင့်ပြအပ်ကာမျှဖြင့် အကျယ်နှင့်တကွဖြစ်သော၊ သိသင့်သိထိုက်သော
သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိသော ပုဂ္ဂိုလ်၊
စတ္တာရော သတိ-ပဠ္စနာ စသည်ဖြင့် အကျဉ်းအားဖြင့်မာတိကာကို ထား
အပ်သည်ရှိသော် ဒေသနာတော်ကိုအစဉ်လျှောက်၍ ဥာဏ်ကိုစေလွှတ်
လျှက်အရဟတ္တဖိုလ်ကို ယူခြင်းငှာစွမ်းနိုင်သော ပုဂ္ဂိုလ်မျိုးကိုဆို၏

၂။ ၀ိပဉ္စိတတညုပုဂ္ဂိုလ်- ဓမ္မစက္ကပ၀တ္တနသုတ္တန် အနတ္တလက္ခဏ
သုတ္တန် တို့ကဲ့သို့ သစ္စာ(၄)ပါးနှင့် စပ်သော အကျဉ်းအားဖြင့် ဟောကြား
တော်မူအပ်သောတရားကိုကြားနာခွင့် ရရှိသောအခါ ကြားနာအပ်ပြီး
သည့်တရားတော်၌ လာရှိသည့်အတိုင်း တရားတော်နောက်သို့ ဥာဏ်
ကိုစေလွှတ်၍ ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်နိုင်သဖြင့် သစ္စာ(၄)
ပါးကို ထိုးထွင်းသိမြင်သောပုဂ္ဂိုလ်မျိုးကိုဆို၏

၃။ နေယျပုဂ္ဂိုလ်- သစ္စာ(၄)ပါးနှင့်စပ်သော တရားတော်ကို အကျဉ်းအား
ဖြင့်သော်၎င်း အကျယ်အားဖြင့်သော်၎င်းနာကြားခွင့်ကို ရရှိပါသော်
လည်း တရားနာရုံမျှဖြင့် သစ္စာ(၄)ပါးကိုထိုးထွင်းမသိနိုင်သေးဘဲ တရား
နာပြီးနောက်ကာလ၀ယ် ကြားနာအပ်ပြီးသည့်တရားတော်၌ လာရှိ
သည့်အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော
မဂ္ဂင်(၈)ပါး အကျင့်မြတ်တရားတို့ကို တဆင့်ပြီးတဆင့် လက်တွေ့
ကျင့်ပါမှ သစ္စာ(၄)ပါးကို ထိုးထွင်းသိမြင်နိုင်သော ကျွတ်တမ်းဝင်နိုင်
သောပုဂ္ဂိုလ်မျိုးကို ဆို၏

၎။  ပဒပရမပုဂ္ဂိုလ်- သစ္စာ(၄)ပါးနှင့်စပ်သော တရားစကားတော်ကို
အကျဉ်းအားဖြင့်၎င်း အကျယ်အားဖြင့်လည်း၎င်း နာကြားရတော်လည်း
ကျွတ်တမ်းမ၀င်နိုင်သော သစ္စာ(၄)ပါးကို ထိုးထွင်းမသိနိုင်သောတရား
တော်ကိုနာကြားပြီးနောက် မဂ္ဂင်(၈)ပါးအကျင့်မြတ်တရားတို့ကို စနစ်တ
ကျ လက်တွေ့ကျင့်သော်လည်း ဤဘ၀တွင် သစ္စာ(၄)ပါးကို ထိုးထွင်းမ
သိနိုင်သောပုဂ္ဂိုလ်မျိုးကို ဆို၏
        ကျွတ်တမ်းမ၀င်နိုင်သော်လည်း သစ္စာ(၄)ပါးကို ထိုးထွင်းမသိနိုင်
သော်လည်း မဂ္ဂင်(၈)ပါးကို စနစ်တကျ ကျင့်ခြင်းကြောင့်ကား ပါရမီ
မျိုးစေ့ကောင်းများကို ရရှိနိုင်ပေသည်။သစ္စကပရိဗိုဇ် ကဲ့သို့သောပုဂ္ဂိုလ်
မျိုးပေတည်း။
(မေးလ်ထဲသို့ ၀င်လာ၍ ပြန်လည်ဖော်ပြပါသည်)